Viber logo Download Rakuten Viber Button
Scan QR to view COVID-19 INFO Myanmar 🇲🇲 on Viber
Tuesday
COVID-19 MYANMAR

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

9:02 PM
9:03 PM

၁။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၄၆၇) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၄) ခုနှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊ စုစုပေါင်း (၆၄၂)ခုအား (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်စောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။ ၂။ (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပြီဖြစ်ပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၄) ဦးရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၂၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၀၂၆) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၂၅) ခု နှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အဏုဇီဝဗေဒဌာနမှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊ စုစုပေါင်း (၁,၃၁၂)ခုအား စစ်ဆေးခဲ့ပြီး (၂၇-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

9:03 PM
9:06 PM
9:06 PM
9:06 PM
9:06 PM
9:06 PM
9:06 PM
11:45 PM

SAFETY & HEALTH AT WORK “တို့အလုပ်လုပ်စို့ ဘေးကင်းစွာ”

11:45 PM
11:46 PM
Wednesday
State Counsellor Office
2:13 AM
2:14 AM
6:47 AM

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းဖြစ် ချည်ထည် Mask ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြသူများနှင့် အပြန်အလှန်ဆွေးနွေး

6:47 AM
6:47 AM

နေပြည်တော် မေ ၂၇ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲတွင် ပြည်သူ့အနှစ်သက်ဆုံး ပထမဆုရ ဒေါက်တာကျော်ကျော်ဝင်း(Eric Yang)(USA)၊ ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထမဆုရ ဒေါ်ဖြူဖြူငြိမ်းချမ်း( Shin Nyein Mel)၊ တီထွင်ဖန်တီးမှု အကောင်းဆုံး ပထမဆုရ ဦးမျိုးစန်းဦး(Myo Gyi)(Japan)နှင့် ပြည်သူ့အကျိုးပြု ပထမဆုရ ဒေါ်ကြည်ကြည်ဝင်း (Daw Kyi Kyi Win) တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။ ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကား ပြောကြားသည်။

6:48 AM
6:48 AM

ထို့နောက် ပြည်သူ့အနှစ်သက်ဆုံး ပထမဆုရ ဒေါက်တာကျော်ကျော်ဝင်း (Eric Yang)(USA) က COVID-19 ရောဂါနှင့် အတူယှဉ်တွဲပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍ များကို New Normal ပုံစံဖြင့် ပြုပြင်ပြောင်းလဲနေထိုင်ရန် အကြံပြုချက်များ၊ Social Distancing ကို မလျှော့သောဇွဲဖြင့် လိုက်နာဆောင်ရွက်သွားသင့်သည့် အကြံပြုချက်များ ကို လည်းကောင်း၊ ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထမဆုရ ကမာရွတ်မြို့နယ်မှ ASEAN DMA Center, Poland Head Office, Managing Director ဒေါ်ဖြူဖြူငြိမ်းချမ်းက ရင်ခွင်မဲ့ကလေးစောင့်ရှောက်ရေးလုပ်ငန်း စတင်ခဲ့မှုအခြေအနေ၊ Single Mother တစ်ဦး၏ ခံစားချက်နှင့် ရည်ရွယ်ချက်၊ မေတ္တာကို ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကူညီ ဆောင်ရွက်ပေးနေမှု၊ ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ကိုဗစ်-၁၉နှင့်စပ်လျဉ်း၍ ကလေးများအား အသိပညာပေးခဲ့မှု အခြေအနေများကို လည်းကောင်း၊ တီထွင်ဖန်တီးမှုအကောင်းဆုံး ပထမဆုရ ဂျပန်နိုင်ငံ တိုကျိုမြို့မှ ဂျပန် ဆိုးဘ လမယ် ဆီချက် ခေါက်ဆွဲ Tetsu 20 Company မန်နေဂျာ ဦးမျိုးစန်းဦး(Myo Gyi) (Japan) က အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ၊ ဂျပန်နိုင်ငံတွင် ကိုယ်တိုင်ချုပ် Mask များ သုံးစွဲမှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဂျပန်နိုင်ငံ၏ အလုပ်အကိုင်အခြေအနေများကို လည်းကောင်း၊ ပြည်သူ့အကျိုးပြု ပထမဆုရ ဝမ်းတွင်းမြို့မှ ဒေါ်ကြည်ကြည်ဝင်း က အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သည့်အကြောင်းအရင်း၊ ကိုယ်တိုင်ချုပ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့မှု၊ Mask ချုပ်လုပ်မှုပုံစံနှင့် သုံးစွဲသည့်ပစ္စည်း အမျိုးအစားကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ

6:55 AM
6:56 AM

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ ကြီးမားသည့်အခက်အခဲမှာ Social Distancing ဖြစ်ပါကြောင်း၊ တစ်ချိန်လုံး Social Distancing ဖြင့် နေထိုင်ရန် လက်တွေ့မကျပါကြောင်း၊ ဆရာဝန်တစ်ယောက်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကုသပေးခြင်း သာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသပေးရပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာနားလည်မှသာ ရုပ်ပိုင်းဆိုင်ရာကို ကုသ၍ရပါကြောင်း၊ မြဝတီဘက်မှ ဝင်ရောက်လာသူများ လက်ရှိ အခြေအနေတွင် လူဦးရေ ထောင်ဂဏန်း ရှိပါကြောင်း၊ မိမိတို့သိထားသည်မှာ လူဦးရေ သောင်းဂဏန်း ပြန်လည်ဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊ နယ်စပ်မှ ပြန်လည်ဝင်ရောက် သည့် နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင် ပေးရပါကြောင်း၊ အဆိုပါနေရပ်ပြန် ပြည်သူများ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုမီ အားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးရန်မှာ မလွယ်ကူ ပါကြောင်း၊ သက်ဆိုင်ရာနေရပ်သို့ ရောက်ရှိမှသာ Quarantine ဖြင့်စောင့်ကြည့်ရ ပါကြောင်း၊ လာမည့်နှစ်ပတ်သုံးပတ်ခန့်တွင် မိမိတို့အတွက် စိန်ခေါ်မှုကြီးရှိပါကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများ သေချာစစ်ဆေးရန်၊ ရောဂါမပြန့်ပွားရန်နှင့် ရောဂါပိုးရှိသူများကို သေချာကုသရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နေရပ်ပြန်လည်ဝင်ရောက်လာသူ များအား မိုးကျလာပါက သက်ဆိုင်ရာဒေသသို့ ပို့ဆောင်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲနှင့် စပ်လျဉ်း၍ ပထမပိုင်းတွင် ဆုတစ်မျိုးသာပေးရန် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် နှစ်သောင်းကျော်ကို ဆုပေးချင်ပါကြောင်း၊ ဆုမပေးနိုင်သော်လည်း အားလုံးကို အသိအမှတ် ပြုသည့်အနေဖြင့် အမှတ်တရကတ်များ ပေးပို့ရန်စီစဉ် ထားပါကြောင်း၊ ယခု ရွေးချယ်ခဲ့သည် မှာ Like အများဆုံးရရှိသူ၊ ဒီဇိုင်းထူးခြားသူ၊ ပြည်သူ့အကျိုး ဆောင်ရွက်သူနှင့် ရည်ရွယ်ချက် ကောင်းမွန်သည့်ဆုတို့ ဖြစ်ပါကြောင်း၊ Single Mother ကိစ္စအား လက်မခံသည်မှာ လူ့အသိုင်းအဝန်း၏ တန်ဖိုးထားမှုနှင့် ဆိုင်ပါကြောင်း၊ မိမိငယ်စဉ်က တွေ့ဖူးခဲ့ပါကြောင်း၊ ခွဲခြားဆက်ဆံရန် မသင်ပေးခဲ့ပါကြောင်း၊ မျက်နှာမငယ် ရပါကြောင်း၊ မျက်နှာမငယ်ရသည့် လူ့အသိုင်းအဝန်း ဖြစ်စေချင်ပါကြောင်း၊ ပြဿနာမှာ ပြဿနာမဟုတ်ပါကြောင်း၊ ပြဿနာကို အဖြေ မရှာနိုင်ခြင်းကသာ ပြဿနာဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံတွင် ပြည်သူများအနေဖြင့် တစ်ခါသုံး Mask များအသုံးပြုရန် မတတ်နိုင် ကြပါကြောင်း၊ ထို့ကြောင့် mask များကို ကိုယ်တိုင်ချုပ်လုပ်ရန် အားပေးရခြင်းဖြစ် ပါကြောင်း၊ ကိုယ်တိုင်ချုပ် Mask များမှာ ပြန်လည်အသုံးပြုနိုင်ပြီး အချိန်ကာလမည်မျှ ကြာမည်ကို မသိရသည့်အတွက် ကိုယ်တိုင်ချုပ် Mask သုံး၊ လေးခု ရှိပါက အဆင်ပြေ ပါကြောင်း၊ Mask တပ်ဆင်ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် အဓိကဖြစ်ပါကြောင်း၊ Mask တပ်ဆင်ရာတွင် တပ်ပုံတပ်နည်း မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ရောဂါဖြစ်ပွားသူများ ကို စာနာစိတ်ဖြင့် ကုသပေးကာ မေတ္တာပေးပြီး စည်းကမ်းထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ရပ်ရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် စေလိုပါကြောင်း ရှင်းလင်း ပြောကြားသည်။

6:56 AM
6:56 AM

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် မည်သည့်ကိစ္စမဆို ပြည်သူပါမှသာ အောင်မြင်နိုင်မည်ဟု မိမိမကြာခဏ ပြောပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငါတို့ပါဝင်မှဖြစ်မည်ဆိုသည့်စိတ် ရှိရမည်ဖြစ်ပါကြောင်း၊ ငါတို့မပါ မဖြစ်ဘူးဆိုသည့် စိတ်မျိုးမထားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုကြီးကို အခြေခံ၍ မိမိတို့နိုင်ငံသူ နိုင်ငံသား များ ပိုမိုစည်းလုံးစေချင်ပါကြောင်း၊ အနာဂတ်အတွက် စီမံကိန်းများ ချသည့်အခါတွင်လည်း မှန်မှန်ကန်ကန် ဖြစ်စေချင်ပါကြောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် မိမိတို့နိုင်ငံကို ဖိအားပေးနေသည့် အသိုင်းအဝန်းများကိုလည်း မိမိတို့နိုင်ငံသည် မည်ကဲ့သို့သော နိုင်ငံ ဖြစ်သည်ကို ပိုမိုသိရှိစေရန် လုပ်ဆောင်နိုင်သည့်အခွင့်အရေးလည်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကိုကျော်လွှားနိုင်ရန် ပြည်သူအားလုံးက Mask တစ်ခုချုပ်ခြင်းဖြင့် ကူညီနိုင်ပါကြောင်း၊ ထို့ကြောင့် လူတိုင်းလူတိုင်းက အရေးပါပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းသာအားတက်ပါကြောင်း၊ ဆက်လက်ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကလေးများကိုလည်း ငယ်ရွယ်စဉ်ကတည်းက မေတ္တာစိတ်များထားရန်၊ တစ်ဦး နှင့် တစ်ဦး နားလည်မှုရှိရန်၊ ညှာတာရန်နှင့် စေတနာထားရန် သင်ကြားပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကျော်လွှားရေးစီမံကိန်းတွင် အားလုံးကပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

6:57 AM
6:57 AM
6:57 AM
COVID-19 MYANMAR
10:38 AM

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

10:38 AM
10:39 AM
10:39 AM

၁။ (၂၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ(၃၇၅)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၁)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ (၉၃) ခု၊ စုစုပေါင်း (၆၁၉)ခု တို့အား ယနေ့၊ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။ ၂။ (၂၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-68 နှင့် 83) ရှိသဖြင့် (၂၇-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၆) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၁၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၂၆-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၇-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိပါသည်။

10:39 AM
9:10 PM

၂၈-၅-၂၀၂၀ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ ထုတ်လွှင့်မည့် အစီအစဉ်များ

9:10 PM
9:10 PM
9:11 PM

နေ့စဉ်မိုးလေဝသသတင်း ================= (၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

9:11 PM
9:11 PM
9:11 PM
9:11 PM
9:12 PM
9:12 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့ တွင် မုတ်သုံလေ အားနည်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ် နေမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

9:12 PM
9:14 PM
9:14 PM
9:14 PM
9:14 PM
9:15 PM

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

9:15 PM
9:15 PM

၁။ (၂၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၆၅၁)ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဒုတိယအသုတ်အဖြစ်ဓာတ်ခွဲ နမူနာ (၇၃) ခု၊ စုစုပေါင်း (၇၂၄)ခု တို့အား ယနေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။ ၂။ (၂၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။ ၃။ ဓာတ်ခွဲအတည်ပြုများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၆) ဦးရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၂၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ (၁,၀၂၆)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၁)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ (၁၆၆) ခု၊ စုစုပေါင်း (၁,၃၄၃)ခု တို့အားစစ်ဆေးခဲ့ပြီး၊ (၂၈-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

9:16 PM
Yesterday
COVID-19 MYANMAR
1:35 AM

ကျန်းမာရေးအသိပညာအချက်အလက်များ

1:35 AM
1:35 AM
1:35 AM
State Counsellor Office
1:52 AM
1:52 AM
8:54 AM

အချိန်နဲ့ဒီရေဟာမည်သူ့ကိုမှမစောင့်တဲ့။ မည်သူ၊ မည်သည့်အရာကမှလည်းမရွေ့မလျား၊ မပြောင်းမလဲမရှိပါ။ Covid နဲ့ပတ်သက် ပြီး၊ ပြည်သူတွေနဲ့ ဆက်သွယ်ရေးအတွက် Facebook ကိုစပြီးအ သုံးပြုခဲ့တာ (၂)လ နီးပါးရှိလာပါပြီ။ ဒီကာလအတွင်းမှာ unicode နှိပ်တဲ့နေရာမှာ ကျွန်မလက်တွေ သွက်လာပါတယ်။ (ကြွားနိုင်လောက် အောင်တော့ မဟုတ်သေးပါဘူး။) Covid ဘက်ကလည်းအငြိမ်မနေ ပါ။ တစ်နေ့တစ်မျိုးမရိုးရအောင်ပေါ့။ မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွါးရေးအတွက် ချထားတဲ့ သတ် မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့ကစပြီးဖြေလျှော့ပါမယ်။ သ တိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ် နိုင်ရေးကိုဦးတည်ပါတယ်။ ဒီကိစ္စမှာသာမက၊ အခြားကိစ္စအဝဝမှာပါ ပြည်သူတွေရဲ့စိုးရိမ် ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေအမြဲစိတ်ထဲမှာရှိနေပါတယ်။ အကောင်းဆုံးအ ဖြေကို အမြဲရှာနေပါတယ်။ အကောင်းဆုံးအဖြေ ရနိုင်ဖို့က ပြည် သူတွေရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာ ကိုတော့ ထပ်လောင်းပြောချင်ပါတယ်။ နှလုံး၊ဦးနှောက််ထဲစွဲသွားအောင်အကြိမ်(၂၀၀) ပြောရမဲ့ကိစ္စမျိုးလေ။ ယခုဖြေလျှော့ပေးမှုတွေဟာ စည်းကမ်းလိုက်နာခြင်းအားဖြင့် covid ကာကွယ်ရေးကို ဖေးမပေးခြင်းရဲ့အကျိုးဖြစ်တာကြောင့် covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။

8:54 AM
COVID-19 MYANMAR
9:03 AM

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဉ်မှ ပယ်ဖျက်ပေး

9:03 AM
9:03 AM
State Counsellor Office

အချိန်နဲ့ဒီရေဟာမည်သူ့ကိုမှမစောင့်တဲ့။ မည်သူ၊ မည်သည့်အရာကမှလည်းမရွေ့မလျား၊ မပြောင်းမလဲမရှိပါ။ Covid နဲ့ပတ်သက်ပြီး၊ ပြည်သူတွေနဲ့ ဆက်သွယ်ရေးအတွက် Facebook ကိုစပြီးအ သုံးပြုခဲ့တာ (၂)လ နီးပါးရှိလာပါပြီ။ ဒီကာလအတွင်းမှာ unicodeနှိပ်တဲ့နေရာမှာ ကျွန်မလက်တွေ သွက်လာပါတယ်။ (ကြွားနိုင်လောက်အောင်တော့ မဟုတ်သေးပါဘူး။) Covid ဘက်ကလည်းအငြိမ်မနေ ပါ။ တစ်နေ့တစ်မျိုးမရိုးရအောင်ပေါ့။ မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွါးရေးအတွက် ချထားတဲ့ သတ် မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့ကစပြီးဖြေလျှော့ပါမယ်။ သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ် နိုင်ရေးကိုဦးတည်ပါတယ်။ ဒီကိစ္စမှာသာမက၊ အခြားကိစ္စအဝဝမှာပါ ပြည်သူတွေရဲ့စိုးရိမ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ဖြစ်နိုင်တာတွေအမြဲစိတ်ထဲမှာရှိနေပါတယ်။ အကောင်းဆုံးအ ဖြေကို အမြဲရှာနေပါတယ်။ အကောင်းဆုံးအဖြေ ရနိုင်ဖို့က ပြည်သူတွေရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာကိုတော့ ထပ်လောင်းပြောချင်ပါတယ်။ နှလုံး၊ဦးနှောက််ထဲစွဲသွားအောင်အကြိမ်(၂၀၀) ပြောရမဲ့ကိစ္စမျိုးလေ။ ယခုဖြေလျှော့ပေးမှုတွေဟာ စည်းကမ်းလိုက်နာခြင်းအားဖြင့်covid ကာကွယ်ရေးကို ဖေးမပေးခြင်းရဲ့အကျိုးဖြစ်တာကြောင့်covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။

9:07 AM

အချိန်နဲ့ဒီရေဟာမည်သူ့ကိုမှမစောင့်တဲ့။ မည်သူ၊ မည်သည့်အရာကမှလည်းမရွေ့မလျား၊ မပြောင်းမလဲမရှိပါ။ Covid နဲ့ပတ်သက်ပြီး၊ ပြည်သူတွေနဲ့ ဆက်သွယ်ရေးအတွက် Facebook ကိုစပြီးအသုံးပြုခဲ့တာ (၂)လ နီးပါးရှိလာပါပြီ။ ဒီကာလအတွင်းမှာ unicodeနှိပ်တဲ့နေရာမှာ ကျွန်မလက်တွေ သွက်လာပါတယ်။ (ကြွားနိုင်လောက်အောင်တော့ မဟုတ်သေးပါဘူး။) Covid ဘက်ကလည်းအငြိမ်မနေပါ။ တစ်နေ့တစ်မျိုးမရိုးရအောင်ပေါ့။ မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွါးရေးအတွက် ချထားတဲ့ သတ် မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့ကစပြီးဖြေလျှော့ပါမယ်။ သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကိုဦးတည်ပါတယ်။ ဒီကိစ္စမှာသာမက၊ အခြားကိစ္စအဝဝမှာပါ ပြည်သူတွေရဲ့စိုးရိမ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ဖြစ်နိုင်တာတွေအမြဲစိတ်ထဲမှာရှိနေပါတယ်။ အကောင်းဆုံးအဖြေကို အမြဲရှာနေပါတယ်။ အကောင်းဆုံးအဖြေ ရနိုင်ဖို့က ပြည်သူတွေရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာကိုတော့ ထပ်လောင်းပြောချင်ပါတယ်။ နှလုံး၊ဦးနှောက််ထဲစွဲသွားအောင်အကြိမ်(၂၀၀) ပြောရမဲ့ကိစ္စမျိုးလေ။ ယခုဖြေလျှော့ပေးမှုတွေဟာ စည်းကမ်းလိုက်နာခြင်းအားဖြင့်covid ကာကွယ်ရေးကို ဖေးမပေးခြင်းရဲ့အကျိုးဖြစ်တာကြောင့်covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။

9:08 AM
COVID-19 MYANMAR

လူ ၅ ဦးဖြစ်စေ၊ လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းပြုနိုင်သည့် ကိစ္စရပ်များတွင် ထပ်မံဖြည့်စွက်

9:17 AM
9:17 AM
9:17 AM

ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်ကိစ္စရပ်များမပါ) အား ဇွန် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်

10:23 AM
10:23 AM
10:25 AM

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

10:25 AM
10:26 AM

၁။ (၂၈-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (ပထမအသုတ်)အဖြစ် ဓာတ်ခွဲနမူနာ(၄၇၀)ခု၊ ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၇၁၂)ခုတွင်- • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။ ၂။ (၂၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။ ၃။ (၂၈-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၂၆) ဦးရှိပြီး ၎င်းတို့အနက် (၁၁၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၂၇-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၈-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိပါသည်။

10:26 AM
State Counsellor Office
12:49 PM
COVID-19 MYANMAR
9:11 PM

၂၉-၅-၂၀၂၀ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ ထုတ်လွှင့်မည့် အစီအစဉ်များ

9:11 PM
9:11 PM
9:12 PM
9:12 PM

နေ့စဉ်မိုးလေဝသသတင်း

9:13 PM
9:13 PM
9:13 PM
9:13 PM
9:13 PM
9:13 PM

(၂၀၂၀ ပြည့်နှစ်၊ မေလ (၂၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) =============================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

9:13 PM
9:16 PM
9:16 PM
9:16 PM
9:16 PM
9:20 PM

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

9:21 PM
9:21 PM

၁။ (၂၈-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (ဒုတိယအသုတ်)အဖြစ် ဓာတ်ခွဲနမူနာ (၄၆၂)ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ (ဒုတိယအသုတ်) အဖြစ်ဓာတ်ခွဲနမူနာ (၃၇) ခု၊ စုစုပေါင်း (၄၉၉)ခုတို့ကို (၂၉-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။ ၂။ (၂၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၂၆) ဦးရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၂၈-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ(၉၃၂)ခု၊ ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၃၁) ခု၊ စုစုပေါင်း (၁,၂၁၁)ခုအား စစ်ဆေးခဲ့ပြီး၊ (၂၉-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

9:21 PM
State Counsellor Office
11:25 PM
11:25 PM
11:25 PM
11:25 PM
  • Share COVID-19 INFO Myanmar 🇲🇲 Community on Facebook
  • Share COVID-19 INFO Myanmar 🇲🇲 Community on Twitter
  • Share COVID-19 INFO Myanmar 🇲🇲 Community on Google+

What is Viber?

Viber is a free messaging and calling app that allows people to connect with friends and family, no matter who they are or where they are from.

Stay in touch

Send texts, photos, videos and more

Audio and video calls

Make HD-quality calls and switch to video easily

Stickers & GIFs

Communicate genuinely, playfully and expressively

Create Communities

Build and manage conversations with unlimited members

Instant voice & video

Record quick-sending voice and video messages

Chat Extensions

Find & share videos, music and more right in your chats

Delete seen messages

Take back what you didn't mean to send

Multi-platform

Sync history and transfer calls to Viber for Desktop

Don't have Viber yet? Download now

Get Viber on App storeGet Viber on Google play